25 December 2013

Sony Vegas Pro 12 ဖြင့် ကာရာအိုကေ သီချင်းစာသားများ ဖန်တီးခြင်း

ကျနော့်ကို သူငယ်ချင်းတစ်ယောက်က ကာရာအိုကေ သီချင်းစာသားတွေ ဖန်တီးဖို့ လွယ်ကူတဲ့ နည်းများကို တောင်းထားတာရှိပါတယ်..။ တကယ်တော့ ဒီလိုလုပ်နည်းက ဘယ်ဆော့ဝဲလ်နဲ့ပဲ လုပ်လုပ် မလွယ်ပါဘူး..။ မိမိတို့ ကြိုးစားအားထုတ်မှု၊ လေ့လာမှု ပေါ်မူတည်ပြီး ကျွမ်းကျင်စွာ အသုံးပြုတတ်မှသာ လွယ်တယ်၊ ခက်တယ်လို့ ပြောလို့ရမှာပါ..။ ဒီဆော့ဝဲလ်လေးကိုလည်း ဒီလို ကာရာအိုကေ သီချင်းစာသားတွေ ဖန်တီးယူဖို့ သိပ်တော့လွယ်တယ်လို့တော့ ပြောလို့ မရပါဘူး..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ရှာပေးထားတဲ့ Video ဖိုင်လေးတွေကို တခုစီ၊ တဆင့်စီ ဖြေးဖြေးချင်း လေ့လာမှတ်သားမှ ၊ အခေါက်ခေါက်၊ အခါခါကြည့်ပြီး လုပ်မှ ဒီလုပ်နည်းကို လုပ်တတ်မှာပါ..။ ကျနော်စမ်းသုံးရင်း တခြား Video Edit လုပ်တဲ့ ဆော့ဝဲလ်တွေထက်တော့ အနည်းငယ် ပိုလွယ်တယ်လို့တော့ ပြောလို့ ရပါတယ်..။ ဒါကြောင့် ဒီဆော့ဝဲလ်ကို ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုတတ်အောင်ပါ Video ဖိုင်လေးတွေနဲ့ ပြန်လည် တင်ပေးလိုက်ပါတယ်..။ ဝင်းဒိုး 64-bit တွေအတွက်တော့ Sony Vegas Pro 12 ကို ဒေါင်းယူ အသုံးပြုနိုင်ပြီး.. ဝင်းဒိုး 32-bit ဗါးရှင်းတွေ အတွက်ကတော့ Sony Vegas Pro 11 ကို ဒေါင်းယူ အသုံးပြုရမှာပါ..။ ဖူးဖြစ်အောင် လုပ်နည်းက ဒီပိုစ့်မှာ လုပ်ပြပေးထားတဲ့ ပုံလေးတွေအတိုင်း အတူတူပဲမို့ Sony Vegas Pro 12 နဲ့ လုပ်ပြထားခြင်း
                downland

No comments:

Post a Comment