ကျောက်ပန်းတောင်းစာသင်ကျောင်း
ပြင်ဘုကြီးကျေးရွာ တိုက်နယ်ဆေးရုံဆောက်လုပ်ရေး သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ခြင်း
ကျွန်တော်မွေးရပ်ကျွန်းကလေးတွင်၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ(၁၃)ရက်နေ့ကား ပြင်ဘုကြီးကျေးရွာအုပ်စုအတွက် ထူးထူးခြားခြား သတင်းကြားရသော မင်္ဂလာနေ့မြတ်ဖြစ်သည်။အကြောင်းမှာ ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်နယ်ဆေးရုံတစ်ရုံ ဖွင့်လှစ်ခွင့်ပြုလိုက်သောကြောင့် ဖြစ်သည်။ နှစ်ပေါင်းများစွာ မျှော်လင့်တောင်းတလာခဲ့သော အဓိကလိုအပ်ချက်တစ်ခု ပြည့်စုံနိုင်ပြီဖြင့်၍ ရွာသူ၊သားများအားလုံးကဤသတင်းကို အားရ၀မ်းသာ ကြိုဆိုကျေနပ်နေကြသည်။ ခွင့်ပြုမိန့်အရ မြန်မာတစ်နိုင်ငံလုံးတွင် ဆေးရုံသစ်(၁၂)ရုံ ဖွင့်လှစ်ခွင့်ပြုပြီး၊တနင်္သာရီတိုင်း ဒေသကြီးတစ်ခုလုံးတွင်မူ ပြင်ဘုကြီးကျေးရွာ ဆေးရုံတစ်ရုံတည်းသာပါသည်။
တိုက်နယ်ဆေးရုံတွင်ခန့်ထားမည့်
ဝန်ထမ်းအားလုံးကလည်း အားရစရာပင်။ ဆရာဝန်(၂)ဦး၊သူနာပြု(၆)ဦး၊
ပေါင်း(၁၇)ဦးဖြစ်သည်။
ပြင်ဘုကြီးကျေးရွာတွင် လက်ရှိရရှိထားသော ကျေးလက်ကျန်းမာရေးဆေးပေးခန်းမှာ
ပုံမှန်ဖွဲ့စည်းပုံ၏ တစ်ဝက်သာရှိသည်။ ယနေ့အချိန်တွင်ကျန်းမာရေးဆေမှူးမှဦးဆောင်၍ ရှိသမျှဝန်ထမ်းအင်မားနှင့်
မနိုင်မနင်း
တာဝန်ယူပြီး
ကျန်းမာရေးစောင့်ရှောက်မှုပေးနေရသည်မှာ နှစ်ပေါင်းတောကြာခဲ့ပြီးဖြစ်သည်။
ပြင်ဘုကြီးကျေးရွာအုပ်စုတွင် ပြင်ဘုကြီးကျွန်းနှင့်
ပြင်ဘုငယ်ကျွန်းပေါ်ရှိကျေးရွာများရှိပါသည်။ ပြင်ဘုကြီး
၊ ဖေါင်းတော၊
သင်္ကန်းကျဲ၊ကံမော်လေး၊အရှေ့ဖက်၊ကြပ်ချောင်း၊နှင့်ကျောက်ပန်းတောင်း ကျေးရွာများရှိနေကြပြီး၊
ပြင်ဘုငယ်ကျွန်းပေါ်တွင်မူ
ပြင်ဘုငယ်ရွာနှင့်ဥယျာဉ်ကမ်းရွာတို့ရှိနေကြသည်။ ကျေးရွာအုပ်စုတစ်ခုလုံးတွင် လူ
ဦးရေ(၆၀၀၀)ကျော်အိမ်ခြေ
(၁၀၀၀)ခန့်ရှိသည်။
ပြင်ဘုကြီးကျေးရွာ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက်
ဒေသခံရွာသူ/ရွာသားများပူးပေါင်း၍ အရှိန်အဟုန်
ဖြင့်
အားကြိုးမာန်တက်ညဆောင်ရွက်လာခဲ့သည်မှာ ဆယ်စုနှစ်နစ်ခု ကျော်လွန်ခဲ့ပြီဖြစ်သည်။ ထိုကြောင့်
လက်ရှိအချိန်တွင်တွဲဖက်အထက်တန်းကျောင်း(၁)ကျောင်း၊မူလတန်းကျောင်း(ရ)ကျောင်း၊ကျေးလက်ကျန်းမာ
ရေးဆေးပေးခန်း(၁)ခု၊ကျေးရွာစာကြည့်တိုက်(၄)
ကျေးလက်ဆက်သွယ်ရေးတယ်လီဖုန်းရုံး(၁)ခု၊သရဏဂုံဇရပ်
No comments:
Post a Comment